Thursday, April 20, 2023

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ပါဝင်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်လွှာ

 

ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)၏ ဩဝါဒခံယူ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ(၂)ရက်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက်နေ့ အရုဏ်တက်ချိန်၌ ရွှေတိဂုံစေတီတော် အထက်ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းအားလုံး၏ ကျောင်းထိုင် ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်၊ ဆရာတော်များအား ပင့်ဆောင်ကာ စုပေါင်းလှူဒါန်းပူဇော်သွားမည်ဖြစ်ပါ၍ သဒ္ဒါကြည်လင် ပါရမီရှင်အလှူရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသမျှ လှူဖွယ်ဝတ္ထုငွေ/ လှူဖွယ်ပစ္စည်းများကို ပြည်သူ့ရင်ပြင်၌ ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍လည်း ကြိုတင်စာရင်းပေးပို့ လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်း နိုးဆော်အပ်ပါသည်-

(၁) ဦးမျိုးမြင့်အောင် - စီးပွားရေးရာဝန်ကြီး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

၀၉-၅၃၂၁၉၂၁

(၂) ဦးညီညီမင်း - အတွင်းရေးမှူး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

၀၉-၄၂၈၄၆၀၀၈၂

(၃) ဦးရဲထူး - ညွှန်ကြားရေးမှူး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

၀၉-၆၆၂၁၈၅၃၉၉

အခမ်းအနားကျင်းပရေးဦးစီးကော်မတီ

No comments:

Post a Comment