Tuesday, April 4, 2023

ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငပုတောမြို့နယ် အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ကွင်းဆင်းကြည့်ရှု့

 


ငပုတော ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း၊ ခရိုင်၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများသည် ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ငပုတောမြို့နယ်၊ ကျွန်းညိုကမ္ဘလာကျေးရွာအုပ်စု၊ ဖိုးရွှေလှော်‌အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ (၁၂၀×၃၀)ပေ၊ RCCတစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် စာသင်ဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ဆောင်အသစ်အား လာမည့်ကျောင်းတက်ချိန်အမီ ပြီးစီးစေရေး၊  စာသင်ဆောင်များ ကောင်းမွန်စေရေး၊ သောက်သုံးရေလုံလောက်စွာ ရရှိစေရေးသက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်ရောက်စေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။







ထို့နောက် ငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံသို့သွားရောက်၍ (၁၀၃ပေ×၁၃၅ပေ) တစ်ထပ်အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများအပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။


ထို့နောက် တောင်ကလေးနယ်မြေ မီးသတ်စခန်းသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ မီးသတ်ယာဉ်များ အသင့်အနေအထားရှိနေစေရေးမှာကြားခဲ့ပြီး ဝန်ထမ်းများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တောင်ကလေး အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လိုအပ်မှုတင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး၊ လိုအပ်ချက်များအား ဒေသခံပြည်သူများ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)

No comments:

Post a Comment