Wednesday, March 1, 2023

NUG လက်အောက်ခံ FOEIM Online ပညာရေးစနစ်အပေါ် ဖော်ထုတ်တွေ့ရှိချက်များအား အများပြည်သူသိရှိစေရန် အသိပေးကြေညာခြင်း

 



အကြမ်းဖက် NUG လက်အောက်ခံ Free Online Education Institution Myanmar (FOEIM) Online ပညာရေးစာသင်ကျောင်းတွင် နှစ်စဉ်ကျောင်းဝင်ကြေးအဖြစ် မူ/လယ်/ထက် ၁ ဦး လျှင် ထိုင်း ဘတ်ငွေ ၁၀၀၀/ ၂၀၀၀/ ၃၀၀၀ ကောက်ခံခဲ့ပြီး ကျောင်းသား/သူ နှစ်သောင်းခန့် ကျောင်း အပ်နှံခဲ့ ကြောင်းနှင့် NUG အသိ အမှတ်ပြု ကျောင်း ၆၂ ခု ခွင့်ပြုထားသည်ဟု ထုတ်ပြန်ကြေညာထားသော် လည်း ကျောင်း ၃ ခုခန့်သာ ဖွင့်လှစ် သင်ကြားသည့် အထောက်အထားများ ဖော်ထုတ်တွေ့ရှိရပါသည်။ အဆိုပါ Online စာသင်ကျောင်းများ၏ ထောက်ခံချက်ဖြင့်လည်း တက္ကသိုလ်၊ ကောလိပ်ကျောင်းများ တွင် ဝင်ခွင့်ဖြေဆို တက်ရောက်နိုင်မှုမရှိဘဲ အချိန်ကုန်ငွေကုန်မည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းမှ တည် ထောင်ဖွင့်လှစ် ထားသည့် FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်ဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် သိရှိရန်မှာ FOEIM သည် အကြမ်းဖက် အားပေးထောက်ခံသည့် Online စာသင် ကျောင်းဖြစ်သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု အထောက်အထားများ ခိုင်လုံစွာ ပြသနိုင်မှုမရှိခြင်း၊ ကျောင်းအခြေပြုတည်နေရာပြသနိုင်မှုမရှိခြင်းနှင့် စနစ်တကျဖွဲ့စည်းအုပ်ချုပ်မှုမရှိ ခြင်းတို့အား ဖော်ထုတ် တွေ့ ရှိရပါသည်။ NUG မှ ကျောင်းဝင်ငွေ၏ သုံးပုံတစ်ပုံအား ၎င်းတို့ထံ ပေးအပ် စေခဲ့ရာမှ FOEIM ကျောင်းသား လက်ခံရေး(ရုံးအဖွဲ့)အကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ငွေ ကြေးသုံးစွဲမှုစာရင်း ချပြရှင်းလင်း နိုင်မှုမရှိဘဲ ငွေကြေးလိမ်လည်မှုဖြစ်ပေါ်ခဲ့ရာမှ ကျောင်းအပ် နှံသူများ ၏ အမည်စာရင်း ပေါက်ကြား ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ FOEIM Online စာသင်ကျောင်းမှ အချက်အလက်များ ပေါက်ကြား မှုမရှိစေရန် Facebook Page Website နှင့် Telegram တို့မှ အာမခံ ချက်များပေးခဲ့သော်လည်း ယုံကြည်စွာဖြင့် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား/သူ ၅၀၀ ဦး ၏ အမည် စာရင်းများ ပေါက်ကြား လာခဲ့ပါသည်။

ထိုသို့ အမည်စာရင်းများ ပေါက်ကြားခြင်းကို အကြမ်းဖက် NUG Facebook Page မှ တာဝန် ယူဖြေရှင်း ပေးမှု မရှိသည့်အပြင် ၎င်းတို့၏ သင်ကြားရေးနှင့် ကျောင်းသားလက်ခံရေး(ရုံးအဖွဲ့)တို့မှ ငွေကြေးလိမ်လည်သူ ၅ ဦး ဖော်ထုတ်ရရှိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိ ပါသည်။

သို့ဖြစ်ပါ၍ ကျောင်းသားမိဘများအနေဖြင့် ပတ်ဝန်းကျင်အား မလွန်ဆန်နိုင်၍ဖြစ်စေ၊ မသိ နားမလည်၍ ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထား သည့် Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေး ဆုံးရှုံးသည် သာမ က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရပါ အရေးယူခံရမည်ဖြစ်ပါကြောင်းနှင့် အစိုးရစာသင် ကျောင်း များနှင့် အစိုးရအသိအမှတ်ပြုစာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံပညာ သင်ကြားနိုင်ရေး အသိပေး တင်ပြအပ်ပါသည်။

No comments:

Post a Comment