Wednesday, March 1, 2023

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

နေပြည်တော်၊ မတ်  ၁

ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာန တို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် ဂွမြို့သို့ ရောက်ရှိ ခဲ့ရာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည် သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ဂွမြို့ရှိ ရတနသိဒ္ဓိဗိမာန်တော် တွင်အခြေပြု၍ ဂွမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၃၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၀၉ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၀ ဦး၊ ကလေးရောဂါ ၂၀ ဦး၊ အရိုးရောဂါ ၁၁၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၅၀ ဦး၊ မျက်စိရောဂါ ၂၁၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၄၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့် ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

ကလေးကိုမျက်စိလာပြတာပါ၊ ဒီမြို့ပေါ်ကဘဲဖြစ်ပါတယ်။ အကုန်လုံး အဆင် ပြေပါတယ်။ ဒီကလူတွေက လည်း အကုန်လုံးအဆင်ပြေအောင်လို့ အားလုံးလုပ်ပေး ပါတယ်။ အခုလိုကျွန်မတို့မြို့ကိုလာပြီး ဆေးကုသပေး တဲ့အတွက် အရမ်းလည်းဝမ်းသာ ပတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ကလူတွေက ပုံမှန်ဆိုရင် မြို့ကိုသွားပြီး ဆေးကုသ နိုင်မှုမရှိပါဘူး။ ဒီမြို့မှာ အထူးကုဆရာဝန်တွေလည်းမရှိပါဘူး။ အခုလို အထူးကု ဆရာဝန်တွေ စုံစုံလင်လင်နဲ့ လာပြီးကုသပေးတဲ့အတွက် ဒီကလူတွေလည်း အဆင်ပြေ ကြတဲ့အတွက် ဝမ်းသာပါတယ်။ ခဏခဏ လာစေချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူတွေလည်းပင်ပင်ပန်းပန်းနဲ့ အရမ်းဝေးဝေးကြီး သွားစရာမလိုဘဲ ကုသနိုင်တဲ့ အတွက် အခုလိုမျိုး တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့တွေကို မကြာခဏ လာစေချင် ပါတယ်။ အခုလိုလာပြီး စေတနာပါပါနဲ့ ဆေးကုသပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တခြားမြို့တွေကိုလှည့်လည်ပြီး ကုသပေးနေသလို ကိုယ့်မြို့ ကိုလည်း အခုလိုလာပြီးကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုလို နယ်လှည့် ဆေးကုအဖွဲ့တွေဖြစ်ပေါ်လာအောင် ပံ့ပိုးကူညီလမ်းညွှန်ပေးတဲ့ နိုင်ငံတော်အကြီးအကဲ ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

တပ်မတော်နဲ့ကျန်းမာရေးဌာနမှ တာဝန်ရှိတဲ့ဆရာဝန်ကြီးတွေပူးပေါင်းပြီး အခုလိုလာ ရောက်ပြီးဆေးကုသ ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူတွေ ကိုယ်စား အထူးဝမ်းမြောက်ဝမ်း သာဖြစ်ရ ပါကြောင်း၊ ဂွမြို့နယ်အနေနဲ့ပြောရရင် ခုတင် ၅၀ ဆေးရုံပဲ ရှိပါတယ်၊ ဒါကြောင့်အထူးကု ဆရာဝန်ကြီးတွေနဲ့ အလှမ်းဝေးပါတယ်၊ ရန်ကုန်ကိုသွားရောက် ကုသဖို့ဆိုရင်လည်း အခက်အခဲတွေအများကြီးရှိပါတယ်၊ အခက် အခဲရှိတဲ့ လူနာတွေကိုအခုလို အခမဲ့လာရောက်ကုသပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ မကြုံဖူး ပါဘူး အခုလို စစ်သင်္ဘောလာရောက်တဲ့အတွက် သွားရောက်ကြည်ရူရာမှာ သင်္ဘောကြီးကခန့် ညားတဲ့အပြင် သင်္ဘောပေါ်မှာ ဆေးကုသမူဆိုင်ရာ ပစ္စည်းတွေအစုံအလင်နဲ့ လာရောက်ကုသပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ နောက်ထပ်လဲလာစေချင်ပါတယ်၊ အခုလည်း လူနာတွေက တော်တော် များပါတယ်၊ မြို့နယ်ကလူဦးရေ ခုနှစ်သောင်းလောက်ပဲရှိပါတယ်၊ ပြသတဲ့ လူနာတွေက ထောင်နီးပါး လောက်ရှိတဲ့အတွက် နောက်ထပ်လည်းလာရောက်ကုသရင် လူနာတွေလည်းရှိနေအုံးမယ်လို့ ယူဆမိပါတယ်။ အခုလိုမြို့နယ်ကို လာရောက် ကုသ ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေအားလုံးကို အထူးပဲ ကျေးဇူး တင်ရှိပါကြောင်း ပြောလိုပါတယ်။


No comments:

Post a Comment