နေပြည်တော် မတ် ၂၉
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် Nebula X Entertain-ment Co., Ltd. က နည်းပညာမြင့် 3D Projection Mapping ဖြင့် အကယ်ဒမီပေးပွဲစင်မြင့် တည်ဆောက်ခြင်း၊ Lighting နှင့် Sound System၊ Stage Design ရေးဆွဲထားမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို မတ် ၂၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော
ဦးဇော်မင်းနှင့် အကယ်ဒမီများရှင် ရန်အောင်၊ ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Nebula X Entertainment Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို သုံးနှစ်စာပေးအပ်သွားမည်ဖြစ်ရာ ဆုပေးပွဲကို ခမ်းခမ်းနားနား အဆင့်မြင့်စွာဖြင့်
နိုင်ငံတော်အဆင့် စီမံဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယခင်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
အခမ်းအနားများကို မြန်မာ့ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းရှင်များအပါအဝင်
အနုပညာလောကသားများ အခက်အခဲရှိနေသည့်အတွက် နိုင်ငံတော်ကမတည်၍ ရွှေစင်ရုပ်တု အားလုံးနှင့်
ကုန်ကျစရိတ်များကို ထုတ်နုတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် အနုပညာကိုချစ်မြတ်နိုး၍ ပူးပေါင်းဆောင်ရွက်လိုသူများ
ရှိပါကလည်း မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သည့်
သမားရိုးကျပုံစံမျိုးထက် ခေတ်နှင့်လျော်ညီသည့် နည်းပညာပိုင်းများ၊ Lighting များ၊ Program များဖြင့် စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် Nebula X Entertainment Co., Ltd. မှ တာဝန်ရှိသူများက ယခုနှစ်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
ခမ်းနားလှပစေရန်အတွက် Design Concept များ ဆောင်ရွက်ထားရှိမှု၊ 3D Projection Mapping စနစ် အသုံးပြုမည့်အစီအစဉ်နှင့် အကယ်ဒမီပေးပွဲ
စင်မြင့်တည်ဆောက်ထားမှု ၊ Stage Design ရေးဆွဲထားမှု၊ ကော်ဇောနီလမ်းကြောင်းအတွက်
စီစဉ်ထားမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာ စင်ရော်မောင်မောင်တို့က အကယ်ဒမီ ရွှေကြိုများ စိစစ်ရွေးချယ်ထားရှိမှု၊
ရုပ်ရှင်ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများအား ပရိသတ်များ စိတ်ဝင်စားမှုရှိစေရန် performance များဖြင့် တင်ဆက်ရန် စီစဉ်ထားမှု၊ ဖျော်ဖြေရေးအစီအစဉ်များ
ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး
နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment