Thursday, March 2, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒက္ခိဏသီရိစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်

 

နေပြည်တော် မတ်

နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများ၏ ဒက္ခိဏသီရိ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး  အစည်းအဝေးခန်းမ()၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဒက္ခိဏသီရိစက်မှုဇုန် ဖွံ့ဖြိုးတိုးတက် စေရန်၊ စက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် တင်ပြလျှောက်ထားလာသည့် လုပ်ငန်းရှင်များအား စိစစ်ရွေးချယ် နေရာချထားပေးရန်နှင့် လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအသီးသီးမှ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆောင်ရွက် ရန်ကျန်ရှိသည့် Infrastructure လုပ်ငန်းများအား ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ကော်မတီများ၊ ဆပ်ကော်မတီများမှ မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များအား လျင်မြန်ကျေပွန်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ စက်မှုဇုန်အောင်မြင် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ကြောင်း၊ ဒက္ခိဏသီရိ စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအပါအဝင် ဇုန်ပြင်ပရှိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဈေးကွက် ယှဉ်ပြိုင်မှုများကြောင့် ကုန်ပစ္စည်း အရည်အသွေးများကို ယှဉ်ပြိုင်ထုတ်လုပ်ခြင်း၊ အရည်အသွေးမီ ကုန်ပစ္စည်းများအား ပြည်တွင်း၌ပင် ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲလာနိုင်ခြင်းတို့ ကြောင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိသော၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် ကော်မတီများ၊ ဆပ်ကော်မတီများက ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက စက်မှုဇုန်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ဒက္ခိဏသီရိစက်မှုဇုန် အတွင်း မြေနေရာလျှောက်ထားလာသော လုပ်ငန်းရှင်များအား မြေနေရာချထားပေးနိုင်ရေးနှင့် စပ်လျဉ်း၍ စိစစ်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် စက်မှုဇုန် ကြီးကြပ်ရေးကော်မတီဝင်များနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီသို့ တင်ပြလျှောက်ထားလာသည့် လုပ်ငန်းရှင်များ၏ မြေနေရာ လျှောက်ထားလာမှုများကို ကော်မတီမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စိစစ် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment