Thursday, March 2, 2023

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် တပေါင်းလပြည့်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

မုံရွာ မတ်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များ၊ ဟုမ္မလင်းတပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်း ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ရက် နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းခရိုင် စုပေါင်းရုံးတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် တည်ဆောက်ရေးတာဝန်ခံများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။





ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်မှတ်အရည်အသွေးများနှင့် စံချိန်စံညွှန်း ကိုက်ညီစွာ တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းများအချိန်မီပြီးစီးရေးအား တာဝန်ရှိသူများ အားလုံးမှ အလေးအနက်ထားဆောင်ရွက်ရေး၊ လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းဆောင် ရွက်မှုများအပေါ် စေတနာထားဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အသေးစိတ်မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟုမ္မလင်းခရိုင် စုပေါင်း ရုံးအဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေသော ဒေသခံ တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်အစား အစာများ ထောက်ပံ့ပေးအပ်ကာ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ သာသနဇောတိကမြို့မကျောင်းသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်အပ်နှင်းချီးမြှင့်ပွဲနှင့် တပေါင်းလပြည့် နေ့တွင် ဘာသာရေးအလှူဒါနကုသိုလ်ကောင်းမှုများ ပြုလုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် ကော်မတီများနေဖြင့်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် စေတနာထားကာ တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ သာသနာရေး၊ ဘာသာရေးနှင့် အလှူဒါနပြုလုပ်ငန်းများဖြစ်ပါ၍ လိုအပ်ချက်မရှိအောင် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်း များဆောင်ရွက်ရာတွင် လုံခြုံရေးအသိသတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်  အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမူရေး ရာဝန်ကြီး ဦးအေးလိူင်က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အခမ်းအနားပြင်ဆင်ရေးကော်မတီဥက္က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လည်းကောင်း၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လည်းကောင်း၊ သံဃာတော်များပင့်ဖိတ်ရေးနှင့် ပင့်ဆောင်ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ လည်းကောင်း၊ ဆရာတော်နှင့်သီလရှင်များ ဆွမ်းကွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနမှ လည်းကောင်း၊ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ လည်းကောင်း၊ ကျန်းမာရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီး ဌာနမှလည်းကောင်း၊ လုံခြုံရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်ရဲတပ်ဖွဲ့မှ မိမိတို့တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများက လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေး အကြံပြုတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာသူများ၏ အသီးသီးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်

No comments:

Post a Comment