Friday, March 3, 2023

တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် ဒုတိယအကြိမ် စာအုပ်စာစောင်များ လှူဒါန်းပွဲ အခမ်းအနားသို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်

 




ဗဟန်း မတ် ၃


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ ဝန်ကြီးချုပ် ဦးစိုးသိန်းသည်၊ တာဝန်ရှိသူများနှင့်အတူ မတ် ၁ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ ရုံးမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် ဒုတိယအကြိမ် စာအုပ်စာစောင်များ လှူဒါန်းပွဲ အခမ်းအနားတက်ရောက် အားပေးခဲ့သည်။



 


အဆိုပါ အခမ်းအနားသို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြိုနယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက် ကြသည်။ 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ရေးဆွဲပြဌာန်းပြီးဖြစ်သလို စာကြည့်တိုက် နည်းဥပဒေများကိုလည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စာကြည့်တိုက်မှူးများကို အခြေခံစာကြည့်တိုက်ပညာသင်တန်း နှစ်ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်ကြိမ်လျှင် ၅၀ ဦးနှုန်းဖြင့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူး ၁၀၀ ဦးကို စာကြည့်တိုက်ပညာများ လေ့ကျင့်ပေးနိုင်ခြင်း၊ စာကြည့်တိုက်အတွက် အဓိကလိုအပ်တဲ့ စာအုပ်၊ စာစောင် များကို ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ၁၂၀ တိုက်အတွက် ငွေကျပ်သန်း ၁၁၀ တန်ဖိုးရှိ စာအုပ်စာစောင်များ လှူဒါန်းပေးပြီး ဖြစ်ပါကြောင်း စာကြည့်တိုက် ကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တာများ ကူညီပေါင်းစပ်ပေးခြင်း ဆောင်ရွက်ပေးနေတာကို သိရှိရပါကြောင်း၊ စာကြည့်တိုက်ဆိုတာ အသိပညာနဲ့အထွေထွေဗဟုသုတတွေ စုဆောင်းထားရှိတဲ့ ရတနာသိုက်ကြီးလိုဆိုရမှာဖြစ်ပါကြောင်း တစ်နည်းအားဖြင့် စာဖတ်သူတွေသိလိုတဲ့ အကြောင်းအရာတွေကို တစ်နေရာထဲမှာ စုဆောင်းထားရှိပြီး ပြန်လည်ဖြန့်ဝေရာနေရာလည်း ဖြစ်ပါကြောင်း၊တန်ဖိုးရှိတဲ့စာအုပ်တွေကို ဝယ်ယူဖြည့်ဆည်းဖို အခက်အခဲရှိနေတဲ့ စာကြည့်တိုက်တွေ ရှိနေတယ်လို သိရတဲ့အတွက် အခုလို ဒုတိယအကြိမ်အဖြစ် ငွေကျပ် ၅၅ သန်း တန်ဖိုးရှိတဲ့ စာအုပ်ပေါင်း ၁၄,၀၄၀ အုပ်ကို ရပ်ကွက်နဲ့ ကျေးရွာစာကြည့်တိုက်များအတွက် ပေးအပ်လှူဒါန်းခြင်းဖြစ်ပါကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ကလည်း အခုလိုပဲ ပထမအကြိမ်အဖြစ် ငွေကျပ် ၅၅ သန်း တန်ဖိုးရှိတဲ့ စာအုပ်စာစောင် ၃၂,၆၄၀ အုပ်ကို လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း လာမယ့် ဘဏ္ဍာနှစ်မှာလည်း ဘဏ္ဍာငွေပေါ်မူတည်ပြီး စာကြည့်တိုက်များကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း၊ စာကြည့်တိုက်တစ်တိုက် အောင်မြင်ဖိုဆိုရာမှာ တိုင်းဒေသကြီးအစိုးရတစ်ခုတည်း ဆောင်ရွက်လိုမရသလို သက်ဆိုင်ရာစာကြည့်တိုက် ကြီးကြပ်ရေးကော်မတီများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ကော်မတီများ၊ စာကြည့်တိုက်မှူးများ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်တဲ့ စာကြည့်တိုက်ဖြစ်လာမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဟိန်းလတ်က တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စာကြည့်တိုက်များအတွက် ငွေကျပ်သိန်း ၂ဝ တန်ဖိုးရှိ စာအုပ်ပေါင်း ၄၄၉ အုပ်ကို တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေအားလည်းကောင်း၊ အကျဉ်းဦးစီးဌာနရှိ စာကြည့်တိုက်အတွက် ငွေကျပ် ၁၁၈၅၂၀၀/- တန်ဖိုးရှိ စာအုပ်ပေါင်း ၅၂၂ အုပ်ကိုတာဝန်ရှိသူ တစ်ဦးကိုလည်းကောင်း၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲဝင်များက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်မှ စာကြည့်တိုက် (၁၂ဝ)တိုက်အတွက် ငွေကျပ်သိန်း ၅၅ဝ တန်ဖိုးရှိ စာအုပ်ပေါင်း ၁၄,၀၄၀ အုပ်ကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်တာဝန်ခံများကို ပေးအပ်ကြသည်။

ထိုနောက် ဝန်ကြီးချုပ်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ပေးအပ်သော ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ကိုယ်စား) ညွှန်ကြားရေးမှူး  ဦးဆန်းဝင်းအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည်။

ဆက်လက်၍ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ(ကိုယ်စား) အင်းစိန်မြိုနယ် အမြင်သစ် စာကြည့်တိုက်ကော်မတီဝင် ဦးညွှန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။




ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တိုင်းဒေသကြီးဝန်ကြီးများက အခမ်းအနားတက်ရောက်လာသူများအား တွေ့ဆုံနှုတ်ဆက်၍ လှူဒါန်းပေးအပ်မည့် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)

No comments:

Post a Comment