Sunday, March 5, 2023

နိုင်ငံတကာအဆင့်မီ ဒစ်ဂျစ်တယ်သတင်းအချက်အလက်နည်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် မတ် ၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) တွင် သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေး

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာဝင်းအေးက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးကို ပံ့ပိုးပေးနိုင်မည့် အရည်အချင်းပြည့်ဝသော သတင်းအချက် အလက်နည်းပညာရှင်များကို မဟာဗျူဟာစီမံကိန်းနှင့်အညီ မွေးထုတ်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်သတင်း အချက်အလက်နည်းပညာ (Digital Information Technology) များကို ဆန်းသစ်တီထွင်အသုံးချနိုင်ရေး အစဉ်ကြိုးပမ်းဆောင်ရွက်ရန်၊ အရည်အချင်းရှိသော ကျောင်းသားများကို စနစ်တကျ မြေတောင်မြှောက်ပေး၍ လေ့လာမှုများအဆင်ပြေချောမွေ့စေရေးမှသည် စွန့်ဦးတီထွင်မှုများ တိုးတက်မြင့်မားလာစေရေး အားပေးဆောင်ရွက်သွားရန်၊ သုတေသနအဖွဲ့များ ဖွဲ့စည်း၍ အခြားတက္ကသိုလ်များဖြင့်ပါ ကွန်ရက်ချိတ်ဆက်ကာ Joint Research များကို ပူးပေါင်း ဆောင်ရွက်၍ သုတေသနများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်ရေး အလေးထားဆောင်ရွက်ရန်၊ University-Industry Collaboration ကို မြှင့်တင်ဆောင်ရွက်ရန်၊ သုတေသနညီလာခံများနှင့် နည်းပညာပြပွဲများအား ပုံမှန်ဆောင်ရွက်သွားရန်၊ ဆရာများ၏ စွမ်းရည်များ တိုးတက်မြင့်မားစေရေး စဉ်ဆက်မပြတ်ဆန်းစစ်၍ မွမ်းမံဆောင်ရွက်သွားရန်၊ မြန်မာ့ထိပ်တန်း တက္ကသိုလ်တစ်ခုအဖြစ်သာမက ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ဖြစ်ရေး ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး ဆရာများ၊ ကျောင်းသားများ၏ အခက်အခဲတင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်အသုံးပြုမှု၊ စာသင်ခန်းများနှင့် သင်ထောက်ကူများ ဖြည့်ဆည်းထားမှု၊ Robotics Lab ခန်းတွင် ဆရာများနှင့် ကျောင်းသားများက Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာ နှင့် Internet of Things (IoT) ကို အသုံးပြုပြီး သုတေသနများနှင့် Robot များ စမ်းသပ်ဆောင်ရွက် နေမှု၊ Data Center ခန်း ဆောင်ရွက်နေမှု၊ Chemistry Lab ခန်းတွင် ကျောင်းသားများ လက်တွေ့လုပ်ဆောင်နေမှု၊ Arduino Lab၊ E-Circuit Lab၊ Physics Lab၊ Control System Lab၊ Communication Lab၊ Embedded System Lab၊ Network နှင့် Security Lab တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment