Saturday, March 4, 2023

ကော်မရှင်အဖွဲ့ဝင်များ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး‌ဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်လေးများ ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး

 


ရန်ကုန် မတ် ၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အတွင်းရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး‌ဂေဟာနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်လေးများ ဘိုးဘွားရိပ်သာတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့သည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး‌ဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်လေးများ ဘိုးဘွားရိပ်သာတို့၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ သန့်ရှင်းသောသောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ပေးမှု စသည့်အခြေခံလူ့အခွင့် အရေးများရရှိခြင်း ရှိ၊ မရှိနှင့် ဘိုးဘွားအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ယင်းအဖွဲ့၏ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး‌ဂေဟာနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်လေးများ ဘိုးဘွားရိပ်သာကြည့်ရှုစစ်ဆေးစဉ်အတွင်းစစ်ဆေး တွေ့ရှိချက်နှင့်အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment