စလင်း မတ်လ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ရှိ ဒေသဖွံဖြိုးတိုးတက် ရေးနှင့် ဆောင်းကြက်သွန် (နေကြာ) သီးညှပ်စံပြ စိုက်ခင်း၊ နွေနေကြာသုသေသနစံ ပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုတို့အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့့မှသက်ဆိုင်ရာဌာနဆိုင်ရာများက ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် သရက်ချဥ်ကျေးရွာအုပ်စု
ဒေသခံတောင်သူ ဦးမောင်မောင်လွင် စိုက်ပျိုးထား ရှိသည့် နွေနေကြာသုသေသနစံပြစိုက်ခင်း
အောင်မြင်ဖြစ်ထွန်းနေမှု၊ ရွှေဇီးကွက်ဆန်စက် လည်ပတ်နေမှု၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်
တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာဖြေဆိုနေမှု ၊ ဆင်ဖြူကျွန်းချောင်းအတွင်း
ဆောင်းကြက်သွန် (နေကြာ)
သီးညှပ်စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကာ
ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများမှ မိမိတို့၏အခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ
လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဆောင်းကြက်သွန် (နေကြာ) သီးညှပ် စိုက်ခင်းအား ကြည့်ရှု၍ လိုအပ်သည်များကို
မှာကြားခဲ့ ပြီးနောက် ဆင်ဖြူကျွန်း ပြည်သူ့ဆေးရုံသို့သွားရောက်၍ တက်ရောက်ဆေးကုသမှု
ခံယူ နေသည့် လူနာများအား ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဆေးကုသမှုခံယူနေသူများမှ
ဆရာ၊ ဆရာမများ၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများဖြင့် များစွာသက်သာပျောက်ကင်းကြောင်း
ဖြေကြားခဲ့သည်။ ဆက်လက်၍ ဆင်ဖြူကျွန်း ပြည်သူ့ဆေးရုံအတွက် အလှူငွေကျပ် (၁၀) သိန်းအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်မှ
ဆေးရုံအတွက် လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် လှူဒါန်းသွားခဲ့ သည်။ ထိုမှတစ်ဖန်
ဆင်ဖြူကျွန်းမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ရောက်၍ သက်ကြီး ဘိုးဘွားများအား တွေ့ဆုံ၍
အားပေးစကားများပြောကြားကာ အလှူငွေပေးအပ်ခဲ့ပြီး စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်
တာဝန်ရှိဌာနဆိုင်ရာများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း
ဆွေးနွေး သွားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်၊စလင်းမြို့





No comments:
Post a Comment