Friday, March 3, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနား၊ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ် (၁၀)မြို့နယ် (၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာတွင်ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အဆောက်အဦတန်ဖိုးလျော်ကြေး ပေးအပ်ခြင်းအ​ပေါ် ကြည့်ရှုအား​ပေး

 


နေပြည်တော် မတ် ၃

၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း​၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အ​ရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်​ရောက်သည်။

အခမ်းအနားတွင် ရာမညအားကစားကွင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး ပြည်နယ်ဝန်ကြီးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ခဲ့ပြီး အမှတ်တရစု​ပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ရာမညအားကစားကွင်း ကမ္ဗည်းမော်ကွန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ကြသည်။

ထို့​နောက် ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ် (၁၀)မြို့နယ်(၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ယင်း​နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။

၎င်းနောက် အမှတ်(၈) အ​ခြေခံပညာအထက်တန်း​ကျောင်း (မော်လမြိုင်)၊ အမှတ်(၉)အ​ခြေခံပညာ အထက်တန်း​ကျောင်း (မော်လမြိုင်)တို့မှ ဘင်ခရာအဖွဲ့၊ ကျောင်းသား/သူများက ပန်းပွားအကဖြင့် လည်းကောင်း၊ မွန်တိုင်းရင်းသားအဖွဲ့က တိုင်းရင်းသားအကများဖြင့်လည်းကောင်း၊ မြန်မာသိုင်းအဖွဲ့မှ သိုင်းသရုပ်ပြဖြင့် လည်းကောင်း၊ Physical Fitness Dance အကအဖွဲ့မှ အကများဖြင့်လည်းကောင်း အသီးသီး​​ဖျော်​ဖြေတင်ဆက်ခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကာ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မီတာ(၁၀၀)နှင့် မီတာ(၄၀၀)အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အားကစားနည်းအလိုက် ပြိုင်ပွဲဝင်အားကစားသမားများ၏ ဝင်​ရောက်ယှဉ်ပြိုင်ပွဲ​နေမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့​ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့၊ ရွှေဟင်္သာခန်းမသို့ ရောက်ရှိလာခဲ့ပြီး မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ​လေဆိပ်တည်ဆောက်ရာတွင် ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အဆောက်အဦ တန်ဖိုးလျော်ကြေးပေးအပ်ခြင်းအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။

ထို့​နောက် ဝန်ကြီးချုပ်က လယ်ယာမြေလျော်ကြေးရရှိသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်နိုင်​ရေး ​မြေ​နေရာ​လျော်ကြေးများအတွက် သတ်မှတ်ကာလဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်​အောင်ဆောင်ရွက်ကြရန် လေဆိပ်စီမံကိန်းဧရိယာအတွင်း မြေ​နေရာများအ​ပေါ် ​မြေအမျိုးအစားအလိုက် အသုံးပြုသည့် အ​​ခြေအ​နေများ​ပေါ်မူတည်၍ ​မြေယာ​​လျော်ကြေးပေး​ချေရာတွင် မှန်ကန်တိကျမှုရှိ​စေ​ရေး​ဆောင်ရွက်ကြရန် ​ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment