Tuesday, March 7, 2023

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပညာသင်ထောက်ပံ့ကြေးဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးတက်ရောက်

 



နေပြည်တော် မတ် ၆

နိုင်ငံတော်အစိုးရမှ စီစဉ်ပေးအပ်လျက်ရှိသည့် ပညာသင်ထောက်ပံ့ ကြေးဆိုင်ရာကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပညာ ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ခွင့်ပြုပေးနေသည့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်နေသည့်ကိစ္စသည် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ရေရှည်ကျခံသုံးစွဲရမည့် ကိစ္စဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပညာသင်ထောက်ပံ့ကြေး ကိစ္စဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍနှင့် နည်းပညာနှင့်သက်မွေးပညာရပ်ကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက်တွင် သတ်မှတ်ထားသည့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် “မူ”၊ စိစစ်ရွေးချယ်မှုဆောင်ရွက် သည့် လုပ်ငန်းစဉ်များနှင့်အညီ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှု၊ ဆောင်ရွက်ပေးရန်လိုအပ်မှု အခြေအနေများအပေါ် အကြံပြု ဆွေးနွေးပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံပညာကျောင်း၊ သင်တန်းကျောင်းများ၏ အခြေအနေများကိုလည်းကောင်း၊ တစ်ပြေးညီဖြစ်သင့်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များဆိုင်ရာကိစ္စ၊ စိစစ်ရွေးချယ်ပေးအပ်သင့်သည့် အရေအတွက်၊ နှုန်းထားသတ်မှတ်ပေးရေး စသည်တို့ကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment