နေပြည်တော် မတ် ၂၈
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်းများ၏မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ကျင်းပသည်။
သင်တန်းဆင်းပွဲသို့
ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်နှင့်ဇနီး၊
အမြဲတမ်းအတွင်းဝန်ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများနှင့်ဇနီးများ၊
တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၊
တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခြေခံအဘိဓမ္မာသင်တန်း၊
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီက အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းနည်းပြဆရာမများကို ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက် ခဲ့ကြသည့်သင်တန်းသူများကို ရင်းရင်းနှီးနှီး
နှုတ်ဆက်သည်။
အဆိုပါ အခြေခံအဘိဓမ္မာသင်တန်းကို
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊
အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်သင်တန်းသူ စုစုပေါင်း
၆၄၃ ဦး တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ယဉ်ကျေးလိမ္မာသင်တန်း၊
သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော်ရှိရုံးအမှတ် (၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊
အရိန္ဒမာခန်းမ၌ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီကအမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ/ဆရာမများကို ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး
သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားသင်တန်းသူ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး
နှုတ်ဆက်သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို
ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/
ဝန်ထမ်းများ၏မိသားစုဝင် သား/သမီး၊ ကျောင်းသား ကျောင်းသူများ အနက် Grade (2) မှ
Grade (12) အထိ စုစုပေါင်း ၄၆၉ ဦးကို တန်းခွဲလေးခုခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
သတင်းစဉ်

No comments:
Post a Comment