နေပြည်တော် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သီရိပျံချီဘွဲ့တံဆိပ်တော်ချီးမြင့်ခံရသော ဇွဲကပင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကဝိဓဇနှင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသတို့အား သီရိပျံချီဘွဲ့ တံဆိပ်တော်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်၀င်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ
နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ
ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ
ချီးမြှင့်အပ်နှင်းထားသည့် သီရိပျံချီဘွဲ့တံဆိပ်တော်များ၊ အဆောင်အယောင်ပစ္စည်းများနှင့်
ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံ ဆိပ်တော်များနှင့်
လှူဖွယ်ပစ္စည်းများကို ဘွဲ့ခံဆရာတော်များ ဖြစ်တော်မူကြသော ဇွဲကပင်ဆရာတော်ဘုရားကြီးနှင့်
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း နာယက ဆရာတော်တို့ထံသို့ တိုင်းမှူးက
ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊
ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်နှင့် တိပိဋကဓရ တိပိဋကကောဝိတ ရွှေရတု
တိပိဋကဓရ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဒာဘိဝံသ တို့ထံမှ သြဝါဒါစကားများ နာယူကြသည်။
၎င်းနောက် အဂ္ဂမဟာပဏ္ဍိတပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး
ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ရေစက်ချအနုမောဒနာတရားများနာယူခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment