Saturday, February 25, 2023

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး Video Conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၄

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ-ရုရှား ဆေးဝါးကောင်စီထူထောင်ရေးကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီဇင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံအခြေစိုက် “Chemrar” High-Tech Center ကုမ္ပဏီမှ Mr. Denis Yinokurov, International BD and Communication Director နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆွေးနွေးရာတွင် ကိုဗစ်-၁၉ရောဂါကုသရေးနှင့်ပတ်သက်သည့် ဆေးဝါးများနှင့်စစ်ဆေးသည့် စနစ်များ၊ မြန်မာနိုင်ငံသို့ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်မည့်ကိစ္စ၊ ဆေးဝါးများ မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ရရှိရေးကိစ္စ၊ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် တင်သွင်းနိုင်မည့်ကိစ္စ၊ ဆေးဝါး ထုတ်လုပ်ရေးနှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်းမှုဆောင်ရွက်နိုင်မည့်ကိစ္စ၊ မြန်မာ-ရုရှား နှစ်နိုင်ငံမှဆေးဝါးထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဏာပိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးမှု မူဘောင်မှတစ်ဆင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာ ဆေးဝါး ကောင်စီထူထောင်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment