နေပြည်တော် ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၅ ဦး တို့သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်
၂ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အရှေ့ကုန်းကျေးရွာနေ
ကျောက်လုံးကြီးကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင်(၆၂)နှစ် (ဘ)ဦးလှမောင်သည်
၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့အင်အား ၂၅ ဦးခန့်က
နေအိမ်ရှေ့သို့ ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး အိမ်အတွင်းဝင်ရောက်လာကာ သေနတ်များဖြင့်
အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့၍ ဦးမြင့်အောင်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
နံနက် ၇ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ
ဦးမြင့်အောင်က ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ရက်စက်စွာ
ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင်များဖြစ်ကြသည့်
အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့ကို ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရသည်။
ထိုသို့ ကျေးရွာအတွင်းဝင်ရောက်ကာ ဆင်ခြင်တုံတရားမဲ့စွာဖြင့်
ရက်စက်စွာအကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် ကလေးငယ်များထိခိုက်သေဆုံးစေခဲ့သည့်
အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်ခြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment