Wednesday, February 22, 2023

KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ Drop Bomb များ ပစ်ချဖောက်ခွဲ၊ အပြစ်မဲ့ဒေသခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၂

KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံး ကိုလည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံးကိုလည်းကောင်း အသီးသီးပစ်ချဖောက်ခွဲခဲ့ရာ ဗုံးသီးများမှာကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကျေးရွာအတွင်းသို့ ဆင်ခြင်တုံတရားမဲ့စွာ Drop Bomb များ ပစ်ချဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment