Sunday, February 12, 2023

ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် "ဆုံစည်းရာစာဖတ်ဝိုင်း" ကျင်းပ

 


ပြည်   ဖေဖော်ဝါရီ   ၁၂

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ(Book Club)တို့ လစဉ်ပူးပေါင်းစီစဉ်သည့် ဆုံစည်းရာစာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၉:၀၀)နာရီက ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်ကိုသန့်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ယင်းနောက် စာရေးဆရာဦးကြည်က စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရေးအားလည်းကောင်း၊ ပြည်တက္ကသိုလ် မြန်မာစာကထိကဦးမြင့်ခိုင်က စာပေမျိုးစေ့ချပေးခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ စာရေးဆရာမောင်စိန်းလမ်းက ဆုံစည်းရာစာဖတ်ဝိုင်း အဓွန့်ရှည်တည်တံ့ရေးအတွက် ဂုဏ်ပြုကဗျာရွတ်ဆို၍လည်းကောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး စာရေးဆရာမဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားသော  "ရှင်သန်ခြင်းနှင့် သေခြင်းကြားက ကျွန်မတို့တစ်တွေ" စာအုပ်အား စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာကြီးများက ရှုထောင့်ပေါင်းစုံဖြင့် အသီးသီး ဆွေးနွေးသုံးသပ်ကြပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုစိုး (ပြည်)

No comments:

Post a Comment