နေပြည်တော် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၀၉ ဦးအား အဆိုပါကျေးရွာရှိ ဂူကုန်းကျောင်းတိုက်ကြီး၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၁၄ ဦး၊ ခွဲစိတ်ရောဂါ ၈၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၃ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးအကြောရောဂါ ၁၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၂၄ ဦး၊ မျက်စိရောဂါ ၂၄၆ ဦးနှင့် သွားရောဂါ ၁၂၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၁၀ ဦးနှင့် မျက်စိခွဲစိတ် လူနာ ၁၀ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၇၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၇ ဦးတို့ကို ရောဂါရှာ ဖွေစမ်းသပ်ပေး ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများ အား နီးစပ်ရာတပ်မ တော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထို့ပြင် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်)ပေါ်၌ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့မှ သားဖွားမီးယပ်ပါရဂူဗိုလ်ကြီး ရန်ပိုင်ဦး ဦးဆောင်ပြီး မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ တမလိုကျေးရွာနေ ဦးစိုးလင်း၏ ဇနီးဖြစ်သူဒေါ်ကေခိုင်ဝင်းကို ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်တွင် ၅ ပေါင်၊ ၅ အောင်စရှိ ယောကျ်ားလေးတစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင် ခဲ့ပြီး ကလေးငယ်ကို မောင်နေဇွန်မင်းဟု အမည်ပေးခဲ့ကာ ကာကွယ်ရေးဦးစီးချူပ်(ရေ)ဗိုလ်ချူပ်ကြီး မိုးအောင်က ပေးအပ်သည့်ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်သည်။
အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ် မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ ၂၀၁၃ ခုနှစ်မှစ၍ ဆေးကုသပြုလုပ်ပေးမှု သမိုင်းတွင် ၂၆ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို အနောက်တောင်တိုင်း စစ်ဌာနချူပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးပြီး တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment