နေပြည်တော် ဖေဖော်ဝါရီ ၁၁
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်း အရောင်းပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူရင်ပြင်တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ဒုတိယနေ့တွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်ထိ(၅)ရက်တိုင်တိုင် နံနက်(၉)နာရီမှ ည(၁၀)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲ တော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်း ၅၅ ခန်းကိုပြသထားပြီး တိုင်းရင်းသာရိုးရာ အကများ၊ ရုပ်ရှင်အနုပညာရှင်များ၊ စတူဒီယိုတေးသံရှင်များနှင့် မျိုးဆက်သစ်အဆိုရှင်များကလည်း ဖျော်ဖြေတင်ဆက် ပေးသွားမည် ဖြစ်သည်။
၂၀၂၃ ခုနှစ်၊(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းအရောင်း ပြခန်းများကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ပြည်သူများမှ အခမဲ့လာရောက် လည်ပတ် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment