နေပြည်တော် ဖေဖော်ဝါရီ ၁၆
ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများနှင့် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရရှိသူများ၊ နိုင်ငံခြားငွေရောင်းဝယ် လဲလှယ်ရေးလုပ်ငန်းများ၏ အဓိကကျသည့်အကျိုးစီးပွားရှိသော အဓိက ရှယ်ယာရှင်များ၊ ကုမ္ပဏီ၏ဒါရိုက်တာများ၊ တာဝန်ရှိသူများနှင့် ဆက်နွှယ်သူများအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ သည့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် (Fit & Proper) ဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနားလည်စေရန် အသိပညာမြှင့်တင်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင် ရာလုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ရှင်းလင်းဆွေးနွေးမည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေး ရေးအဖွဲ့အစည်းများအတွက် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်၊ ညွှန်ကြားချက်များသည် ငွေရေးကြေးရေးအဖွဲ့အစည်း များအတွင်း ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိထားသည့်ငွေကြေး၊ ပစ္စည်းနှင့်အကျိုးအမြတ်များ ဝင်ရောက်လာခြင်းမရှိစေရေးအတွက် ကြိုတင်တားဆီးကာကွယ်ထားသည့် အစီအစဉ်များဖြစ် ကြောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအားလုံးတွင် ရင်းနှီးမြှုပ်နှံသည့် ငွေကြေး၊ အရင်း အနှီးများ၌ ငွေကြေးခဝါချမှုကျူးလွန်သူများမပါဝင်စေရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း၊ သတင်းပို့ခြင်း အပါအဝင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် တာဝန်ရှိသူများက ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဘဏ်ဦးဆောင်မှုပုံစံဖြင့်ဆောင် ရွက်သည့် မိုဘိုင်းဘဏ်လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင် ရွက်သူများနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများအတွက် သင့်လျော်မှန်ကန်ခြင်း ရှိမှုဆိုင်ရာစံသတ်မှတ်ချက်များကိုလည်းကောင်း၊ ညွှန်ကြားချက်နှင့်အညီ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း လိုက်နာခြင်း မရှိပါက ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment