Wednesday, February 22, 2023

လွိုင်ကော်မြို့၌ ကယားပြည်နယ်နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးအစည်းအဝေး(၁/၂၀၂၃)နှင့် စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


လွိုင်ကော် ဖေဖော်ဝါရီ  

ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၁/၂၀၂၃)နှင့် စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ်အတွက် မတည်ထောက်ပံ့ငွေ(၁၀)ဘီလီယံဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အတွက် အမှန်တကယ် အကျိုးရှိပြီး ကျေးရွာလူထု ကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် ဒေသနှင့်ကိုက်ညီသည့် နည်းလမ်းများဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏အဓိကလိုအပ်ချက်များကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးနိုင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးပြီး လုပ်ငန်းအောင်မြင်မှု အခြေအနေများကို လေ့လာဆန်းစစ် နေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တတိယအကြိမ် ချေးငွေအဆိုပြုချက်များအပေါ် စိစစ်ဆောင်ရွက်ထားရှိမှုများ အားလည်းကောင်း ၊  လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းခဲ့စဉ်  ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများက  စိစစ်ပြီးပြန်လည်တင်ပြလာခြင်းများအားလည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည် ။

ကိုဇင်(လွိုင်ကော်)

No comments:

Post a Comment