Wednesday, February 22, 2023

အမျိုးသားအဆင့်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကော်မတီအစည်းအဝေးကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၁

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ-၂ ၌ ကျင်းပသည်။

အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်မှာ အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှု၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုကို စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး ခြောက်လအတွင်း ဆောင်ရွက်ချက်များမှာ ယခင်ထက်တိုးတက်မှုများရှိခဲ့ကြောင်း၊ အသိပေး အကြောင်းကြားစာများကို လုပ်ငန်းအဖွဲ့များအနေဖြင့် အချိန်မီပေးပို့နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဆက်လက်ကြိုးပမ်း၍ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းကို ပိုမိုတိုးမြှင့်နိုင်ရေး အချို့သော Category များကို ပြောင်းရွှေ့ခြင်း၊ အကောင်အထည်ဖော်မည့်ရက် ရှေ့တိုးသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့်အလားအလာအား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ ပူးတွဲဥက္ကဋ္ဌစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ နှစ်အလိုက်ဆောင်ရွက်မှုအခြေအနေများနှင့် အတွေ့အကြုံများကိုအခြေခံ၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များက တာဝန် ယူဆောင်ရွက်လျက်ရှိသည့် အပိုင်းအလိုက် (အာတီကယ်အလိုက်) ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအပေါ် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပုံမှန်အားဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အသိပေးအကြောင်းကြားရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရာနှုန်းပြည့်ဆောင်ရွက်နိုင်သည့် အခြေအနေကိုတွေ့ရှိရကြောင်းနှင့်ဆက်လက်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအလိုက် ဆောလျင်စွာပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားစိုက် လုပ်ကိုင်သွားရန်တိုက်တွန်းကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူး ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုကို အစီရင်ခံတင်ပြသည်။

ဆက်လက်၍ ကော်မတီအောက်တွင်ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့လေးဖွဲ့ဖြစ်သည့် ဆက်သွယ် ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာရှိမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ပြတင်း တစ်ပေါက်စနစ်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Individual Agency Programme ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများက လုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုကို အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးသည်။ ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့က ခြောက်လအတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို ဆွေးနွေးတင်ပြသည်။

အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးတွင် ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်အတည်ပြုခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကိုချမှတ်သည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံ အရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment