ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ်မြောက် အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရကိုယ်စားနှင့် မိမိကိုယ်တိုင် အနေဖြင့် အဆွေတော်အား လှိုက်လှဲစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
ရုရှား-မြန်မာဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှု၊ တစ်ဖက်နှင့်တစ်ဖက်အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှု“မူ”များပေါ်တွင် အခြေခံကြောင်း အလေးအနက်ထား ပြောကြားလိုပါသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများသည် တဖြည်းဖြည်း တိုးတက်လျက်ရှိပါသည်။ စွမ်းအင်၊ စက်မှု၊ ပို့ဆောင်ရေး၊ ပညာရေးနှင့်အဆင့်မြင့်နည်းပညာနယ်ပယ် များတွင် ပူးတွဲစီမံကိန်းများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။
နှစ်နိုင်ငံအစိုးရများအကြား တက်ကြွစွာပူးတွဲလုပ်ဆောင်နေမှုများသည် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုချဲ့ထွင်ရေးနှင့် အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေသောလုပ်ငန်းများ တိုးမြှင့်ရေးတို့ အတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့၏ အကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်နိုင်မည်လည်း ဖြစ်ပါသည်။
အဆွေတော်ကျန်းမာရွှင်လန်း၍ လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုသစ်များရရှိပါစေကြောင်းနှင့် မြန်မာနိုင်ငံသားများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
No comments:
Post a Comment