Monday, February 13, 2023

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ထိန်းသိမ်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဖြင့် တည်ဆောက်ထားသော မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မွေးရာပါ နိုင်ငံသားအခွင့်အရေးဖြစ်သော တန်းတူရည်တူရှိမှု၊ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းနေထိုင်လိုမှု အစဉ်အလာကောင်း ဆန္ဒမွန်တို့ဖြင့် မိမိတို့နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း၊ ဖွံ့ဖြိုးရာဖွံ့ဖြိုးကြောင်း ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့် သမိုင်းကောင်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး ဟူသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ် ရိက္ခာဖူလုံပိုလျှံရေးအတွက် အနာဂတ်တွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်များအဖြစ် ပခုံးပြောင်းတာဝန်ယူကြရမည့် မောင်တို့မယ်တို့အနေဖြင့် ယခု ပညာဆည်းပူးချိန်တွင် နည်းပညာအသိပညာများသာမက မိမိတို့၏အချိန်၊ အစားအသောက်၊ အနေအထိုင်နှင့် လူနေမှုစနစ်များကိုပါ တစ်ပါတည်းလေ့လာသင်ယူသွားကြရန်နှင့် နိုင်ငံ‌တော်က အားကိုးရသည့် လူရည်ချွန်လူရည်မွန်များဖြစ်စေရေး ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ များတွင်ဆုရရှိခဲ့ကြသည့် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းတို့မှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြ သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများက ပြည်ထောင်စုနေ့ဂုဏ်ပြုအကပဒေသာများနှင့် ကပြ ဖျော်ဖြေမှုကို ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ကြည့်ရှု အားပေးကြသည်။

အခမ်းအနားအပြီးတွင် အကအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် ဆုရပန်းချီများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment