နေပြည်တော် ဇန်နဝါရီ ၂၈
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး - မော်လမြိုင်သွား ကားလမ်းပေါ် အရှည်ပေ ၁၈၀၊ အကျယ် ၁၄ ပေရှိ ဒါလီချောင်းသံကူကွန်ကရစ်တံတားအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီခွဲခန့်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
မိုင်းဖောက်ခွဲမှုကြောင့် တံတား၏ တောင်ဘက်ခြမ်း ကမ်းကပ်ခုံအနီးမှ အထက်ပိုင်းကျိုးကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်းနှင့် အဆိုပါတံတားပျက်စီးခဲ့မှုကို တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment