Thursday, January 5, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံ


 

နေပြည်တော် ဇန်နဝါရီ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ကိုဗစ်အလွန်ကာလတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံသို့ ထိုင်းခရီးသွားဧည့်သည်များ လာရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူထားရှိရေးနှင့် အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေး၊ မြန်မာနိုင်ငံမှ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရာတွင်လည်း ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားပြပွဲများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောကဏ္ဍရပ်များတွင် ဝန်ကြီးဌာနနှင့် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား လေကြောင်းပျံသန်းမှုများရှိသော်လည်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက် နိုင်ရေးအတွက် ပျံသန်းမှုအကြိမ်ရေ တိုးမြှင့်နိုင်ရေး၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူရေး အဆင်ပြေချောမွေ့မှုရှိစေရန် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားရေး၊ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေး၊ ထိုင်းစီးပွားရေးလုပ်ကိုင်သူများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးတို့အတွက် နှစ်နိုင်ငံကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment