Thursday, January 26, 2023

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေး တက်ရောက်

 

မုံရွာ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။





ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရငွေရရှိမှသာ သုံးစွဲငွေများကို သုံးစွဲနိုင်မည်ဖြစ်ပြီး အခွန်ငွေများတိုးတက်ကောက်ခံ ရရှိရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနအချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့လည်း အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်မှာကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ အခွန်ငွေများတိုးတက် ကောက်ခံရရှိရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများနှင့် ပြည်နယ်/တိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များတွင် အခွန်ငွေများ မှန်မှန်ကန်ကန်ရရှိရေး၊ အခွန်တိမ်းရှောင်သူများဖော်ထုတ်၍ ထိရောက်စွာအရေးယူရေးတို့အား လမ်းညွှန်မှာကြားလျက်ရှိပါကြောင်း၊

နိုင်ငံတော်နှင့်ပြည်သူများအတွက် ရသင့်ရထိုက်သည့် အခွန်အခများကြိုးပမ်း ကောက်ခံကြရန်၊ အခွန်ဆိုင်ရာအသိပညာပေးခြင်းနှင့် အခွန်ပေးဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်အချက်များ ထည့်သွင်းမှာကြားခဲ့ပါကြောင်း၊ မိမိတို့စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ပါ အခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်းသည့် ရသင့်ရထိုက်သည့် အခွန်ငွေများရရှိရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

အခွန်ကြွေးကောက်ခံရန် ကျန်ရှိသည့်ဌာနများ အနေဖြင့်လည်း အခွန်ကြွေးကျန်များ အမြန်ဆုံးပေးသွင်းစေရေး စည်းရုံးကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ ကြိုးပမ်းဆောင်ရွက်နေသည့် ဝန်ထမ်းများကိုလည်း မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အသိအမှတ်ပြုပါကြောင်း၊ ဌာနများအနေဖြင့် ကောက်ခံရန် သတ်မှတ်ပေးထားသည့် လျာထားချက်များကို ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး၊ ရသင့်ရထိုက်သော အခွန်ငွေများကို တိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းများမှ လွတ်ကင်းလျော့နည်းမှုမရှိဘဲ ပြည့်ပြည့်ဝဝကောက်ခံ ရရှိနိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment