Sunday, January 29, 2023

ပြည်သူ့ရင်ပြင်ရှိ ပြည်​ထောင်စု​နေ့ ပြခန်းဆိုင်ခန်း​ဆောက်လုပ်​နေမှုအား ဝန်ကြီးချုပ်နှင့်အဖွဲ့ လာရောက်ကြည့်ရှု


ရန်ကုန်  ဇန်နဝါရီ  ၂၉

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဥက္ကဋ္ဌ (မြို့တော်ဝန်)နှင့် တိုင်းဒေသကြီး ဝန်ကြီးများ ယ​မန်နေ့နံနက် ၁၀;၃၀ နာရီခန့်က ရောက်ရှိခဲ့ကြသည်။

ထိုသို့​ ရောက်ရှိကြရာ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ကော်မတီဝင်များနှင့် ဌာနမှူးများက ၂၀၂၃-ခုနှစ်၊ ၇၆-နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့် ဆိုင်ခန်းများ တပ်ဆင်တည်ဆောက်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့၍ ၁၁;၂၆ နာရီတွင် ပြန် လည်ထွက်ခွာသွားခဲ့ကြကြောင်း သတင်းရသည်။

ကြည်​ဇေ​သော်

No comments:

Post a Comment