Tuesday, January 24, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို မင်းလှမြို့နယ်၌ သဘာ၀ဆိုးဆေးသင်တန်းနှင့် လက်ယက်ကန်းသင်တန်းဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်








အထက်မင်းလှ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့နယ် ကိုင်းငယ်လေးကျေးရွာ၌ ၂၀၂၃ခုနှစ်၊        (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့်   သဘာ၀ဆိုးဆေး သင်တန်းနှင့် လက်ယက်ကန်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က သင်တန်းဖွင့် အမှာစကားပြော ကြားခဲ့ပြီး သင်တန်းသူများအား လက်ယက်ကန်းစင်များပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို မင်းလှမြို့နယ် အတွင်းရှိ ကျေးရွာ(၅)ရွာမှ သင်တန်းသူများအား ဇန်နဝါရီလ(၂၃)ရက်နေ့မှဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပြီး သင်တန်းနည်းပြဆရာမများက စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချ ပေးမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား   ဆွေးနွေးပြောကြားခဲ့ရာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ဒေသခံ ပြည်သူများ၏ လက်ယက်ကန်းစင်များနှင့် လက်ယက်ကန်းဖြင့် ထုတ်လုပ်ထားသည့် ချည်ထည်များ ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)    

No comments:

Post a Comment