Tuesday, January 24, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ် ရေနံမကျေးရွာ လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

 

မကွေး ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက သရက်ခရိုင် မင်းလှမြို့နယ် ရေနံမကျေးရွာ လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သရက်ခရိုင် မင်းလှမြို့နယ် ရေနံမကျေးရွာအုပ်စု သပြေညောင်ကျေးရွာအနီးရှိ လျှိုပတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစဉ် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ သရက်ခရိုင်အတွင်း မြို့နယ်အသီးသီးတွင် စိုက်ပျိုးရေရရှိရေးအတွက် တည်ဆောက်ပြီးစီးသော ရေလှောင်တမံ(၄)ခုနှင့် ရေလွှဲဆည်(၂)ခုတို့မှ အကျိုးပြုဧရိယာ (၁၅၀၆၄)ဧကအား နှစ်စဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းနှင့် ဒေသခံပြည်သူတို့၏ လိုအပ်ချက်အရ ဒေသန္တရ ကျေးလက်ဆည်ကန်များ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လျှိုပိတ်တမံတည်ဆောက်ခြင်း လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ မင်းလှမြို့နယ် ရေနံမကျေးရွာအုပ်စု သပြေညောင်ကျေးရွာအနီး ပန်းညိုချောင်းပေါ်တွင် မြေသားတာပေါင်ဖို့ခြင်း (လျှိုပိတ်တမံ)တည်ဆောက်ခြင်းလုပ်ငန်းကို (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၂၆၂)သန်းဖြင့် တမံအလျား (၂၀၀)ပေ၊ အမြင့်(၄၅)ပေနှင့် ကန်ရေပြည့်ရေလှောင်ပမာဏ (၁၃.၅၀)ဂါလန်သန်း(ခန့်မှန်း)ဖြင့် တည်ဆောက်ခြင်းလုပ်ငန်းကို (၄-၁၂-၂၀၂၂)ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လုပ်ငန်းတစ်ခုလုံးအနေဖြင့် ၅၀% ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ရေနံမကျေးရွာ လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက  ဒေသခံ အိမ်ထောင်စု(၁၀၂၅)၏ လူဦးရေ(၄၀၁၂)ဦး၊ ကျွဲနွားတိရစ္ဆာန်အကောင်ရေ (၈၀၀၀)ကျော်အတွက် သောက်သုံးရေ ဖူလုံစွာရရှိစေမည့်အပြင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးကိုပါ အထောက် အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။     

မောင်ညီညာ

No comments:

Post a Comment