မန္တလေး ဒီဇင်ဘာ ၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရုံးအဆောက်အအုံအတွင်း မိုးရာသီတွင် ရေလျှံမှုဖြစ်ပွားခြင်းကြောင့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း၊ အုတ်ခြံစည်းရိုး၊ အုတ်ရေမြောင်း၊ လူကူးတံတား တပ်ဆင်ခြင်းနှင့် တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု မပြိုကွဲရေးသည် နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲနှင့် လူမျိုးစွဲမထားဘဲ မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်ကပေးအပ် သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသည့်အတွက် တိုင်းရင်းသားများ အားလုံး ကျရာကဏ္ဍတွင် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများ တွင် စီမံကိန်းများ ဖော်ဆောင်ရာ၌ စီမံကိန်းမြေယာများဖြစ်သည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်းများနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်အညီ ကွင်းဆင်းစစ်ဆေးရာတွင် မှန်မှန်ကန်ကန်ဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဘဝတိုးတက်စေရန်၊ မိမိတို့ဝန်ကြီးဌာန တိုးတက်စေရန်နှင့် တိုင်းပြည် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အရေအတွက်မှ အရည်အချင်းပြည့်မီစေရန် ဝန်ကြီးဌာနမှလည်း သင်တန်းများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ကြိုးစားသည့်အလျောက် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment