နေပြည်တော် ဒီဇင်ဘာ ၃
မိုးရာသီကုန်ဆုံး၍ ခြောက်သွေ့ရာသီရောက်ရှိပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ရန်၊ ရုံးလုံခြုံမှုရှိစေရန်နှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာစိုပြည်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၈ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ရုံးအမှတ်(၁၄) ပတ်ဝန်းကျင်၌ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဦးဆောင်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန နှစ်ခုတို့မှ အရာထမ်း၊ အမှုထမ်းများက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မီးတားလမ်းများ ဖောက်လုပ်ခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ပြီးနောက် ဝန်ထမ်းများကို နံနက်စာဖြင့် ကျွေးမွေးဧည့်ခံပြီး ပြည်ထောင်စုဝန်ကြီးက မီးဘေးအန္တရာယ်လုံခြုံရေး ဂရုပြုကြရန်၊ စည်းစည်းလုံးလုံးရှိကြရန်၊ မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် ဝန်ထမ်းများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment