Tuesday, November 8, 2022

(၇)ကြိမ်မြောက် World One Health Congress 2022 နှင့် တီမာဆက်ဖောင်ဒေးရှင်း ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်

 

နေပြည်တော် နိုဝင်ဘာ ၇

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိကျင်းပမည့် (၇)ကြိမ်မြောက် World One Health Congress 2022 နှင့် တီမာဆက်ဖောင်ဒေးရှင်း ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများပါဝင်သော မြန်မာနိုင်ငံမှကိုယ်စားလှယ်ခြောက်ဦးအဖွဲ့သည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။

အဆိုပါ (၇)ကြိမ်မြောက် World One Health Congress 2022 ညီလာခံနှင့် တီမာဆက် ဖောင်ဒေးရှင်း ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် ဆေးပညာရပ်များညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှပညာရှင်များနှင့် ဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေး မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အတွေ့အကြုံများဖလှယ်ရမည်ဖြစ်သဖြင့် မိမိနိုင်ငံ၏ ပြည်သူများအတွက် ကဏ္ဍစုံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် များစွာအထောက်အကူရနိုင်ပြီး အဆိုပါ ကဏ္ဍများ၌ ပူပေါင်းဆောင်ရွက်နေသူများကိုလည်း အတွေ့အကြုံကောင်းများကို ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment