နေပြည်တော် နိုဝင်ဘာ ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၇ ရက်တွင် Sanit Petersburg ရှိ Leningrad Nuclear Power Plant (NPP) ၊ Power Machines နှင့် Konstantinovsky Palace များသို့ သွားရောက်လေ့လာကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး ရုရှား - မြန်မာ
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေကြပြီ
သိရှိလိုသည်များ အသေးစိတ် မေးမြန်းကြသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်ရုံအတွင်း Water Water Energetic Reactor
(V.V.E.R) - 1200 ပါဝါယူနစ်၏ Block Control Panel လုပ်ငန်းဆောင်ရွက်မှုများ၊ တာဘိုင်ခန်းမ (Inspection of the
turbine hall) ၊ ထိန်းသိမ်းမောင်းနှင်ရေးခန်းမနှင့် ဓာတ်အားပေးစက် (Generator)
လည်ပတ်နေမှုများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ
မေးမြန်းကြရာ သက်ဆိုင်ရာ ကဏ္ဍတစ်ခုခြင်းစီအလိုက် တာဝန်ရှိသူများက လိုက်လံရှင်းလင်း
ပြသကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။
အဆိုပါ Leningrad (Newear Power Plant) NPP သည် Sanit
Petersburg မြို့၏ အနောက်တောင်ဖက် ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး 1000
MW အား ထုတ်လုပ်ပေးလျက်ရှိပြီး Sanit Petersburg မြို့၏ ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိသည်။ စက်ရုံစတင်လည်ပတ်ခဲ့သည်မှာ
နှစ်ပေါင်း ၄၉ နှစ်ကြာရှိပြီး အဆိုပါကာလအတွင်း ထိခိုက်မှုတစ်စုံတရာမျှမရှိပဲ
ကောင်းစွာလည်ပတ်ခဲ့ပြီး ယခုချိန်အထိ သဘာဝပတ်ဝန်းကျင်ရှိ ရေထု၊ လေထုအတွင်း
မည်သည့် Radation မျှမရှိဘဲ သဘာဝအတိုင်း ပကတိတည်ရှိနေကြောင်း
အမြဲစမ်းစစ်လေ့လာမှုများအရသိရသည်။ ထို့ပြင် 1200 MW နှစ်လုံးကိုလည်း
တိုးချဲ့ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Power Machines ကုမ္ပဏီ၏ Leningrad
Metal Machine စက်ရုံသို့ သွားရောက်လေ့လာကြရာ စက်ရုံမှ
ဒုတိယစက်ရုံမှူး Ivan Grosse မှ စက်ရုံဆိုင်ရာများနှင့် ပတ်သက်၍
ရှင်းလင်းတင်ပြပြီး သိရှိလိုသည်များ အသေးစိတ်မေးမြန်းပြီး စက်ရုံအတွင်း
ဓာတ်အားပေးစက်များ ထုတ်လုပ်နေမှုများကိုလေ့လာကြရာ တာဝန်ရှိသူများက
လိုက်လံရှင်းလင်း ပြသကြသည်။
အဆိုပါ Power Machines ကုမ္ပဏီသည် ရေအားနှင့်
အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများတွင် အသုံးပြုလျက်ရှိသော Turbine
များကို အဓိကထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီအား ၁၉၄၂ မှ
စတင်လည်ပါတ်ခဲ့ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံကိုလည်း လိုအပ်သော ဓာတ်အားပေးစက်များ
ထုတ်လုပ်ရောင်ချပေးလျက်ရှိသည်။ ကမ္ဘာ့အဆင့်တွင် စတုတ္ထမြောက် အကြီးမားဆုံးထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး ရုရှားနိုင်ငံ၏ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ၏ တပ်ဆင်အသုံးပြုလျက်ရှိသော
စက်များ၏ ၇၀ ရာခိုင်နှုန်းကို Power Machines မှ ထုတ်လုပ်ပေးထားကြောင်း
သိရသည်။ နည်းပညာပိုင်းအကူအညီနှင့် Design များ ဆောင်ရွက်ပေးခြင်းနှင့်
ဓာတ်အားပေးစက်များ တပ်ဆင်ခြင်းအတွက် အကြံဉာဏ်ပေးခြင်း၊ ဖြစ်ပေါ်လာသည့်
အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်းများကို အဓိကထားဆောင်ရွက်ပေးနေသော
ကုမ္ပဏီတစ်ခုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း အလားအလာ ကောင်းများရှိသည့်
ရေအားလျှပ်စစ်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Konstantinovsky Palace သို့သွားရောက်၍
နန်းတော်အတွင်းရှိ ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက
လိုက်လံရှင်းလင်းပြခဲ့ကြကြောင်း သတင်းရရှိသည်။


No comments:
Post a Comment