နေပြည်တော် နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူများအား နိုဝင်ဘာ ၁၇ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းကြောင့် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မိကရင်ကျေးရွာနေ ဒေါ်စန်းအေး၊ (၈)နှစ်အရွယ်
သမီးဖြစ်သူ မခိုင်စံပယ်ခင်၊ (၁၀)နှစ်အရွယ်သမီးဖြစ်သူ မပြည့်ပြည့်ဖြိုး၊ သားဖြစ်သူ
မောင်စောအောင်မြင့်ထွန်းနှင့် နေအိမ်သို့ အလည်အပတ်ရောက်ရှိနေသူ
စောအောင်ကျော်မြင့်တို့သည် နေအိမ်၌ ရှိနေစဉ် ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ
အကြမ်းဖက်သမားများက ကော့ဖျံတောင်ဘက်မှ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး
အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ လာရာလမ်းအတိုင်း
ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုကဲ့သို့ PDF အမည်ခံ
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် မခိုင်စံပယ်ခင်၊
မောင်စောအောင်မြင့်ထွန်းနှင့် စောအောင်ကျော်မြင့်တို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင်
ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဒေါ်စန်းအေးနှင့် မပြည့်ပြည့်ဖြိုးတို့မှာ
ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သူများအား ဘားအံမြို့ရှိ
ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့
ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့်
ဒေသခံပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား
အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment