Sunday, November 20, 2022

ရွှေကျင်မြို့နယ်၊ ရွှေကျင်-ကျောက်ကြီးသွားကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး 

 


နေပြည်တော် နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူးတံတားအား ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တုံးတံတားကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ အရှည် ၅၀ ပေ၊ အကျယ် ၃၀ ပေ သံကူကွန်ကရစ်အမျိုးအစား သရက်ချောင်း ချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကိုတွေ့ရှိရပြီး တံတားကြမ်းခင်းအလျား ၁၂ ပေ၊ အကျယ် ၂၅ ပေခန့် ပြိုကျပျက်စီးခဲ့သည်ကို  တွေ့ရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှုခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်းနှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment