Sunday, November 6, 2022

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

 

စစ်တွေ နိုဝင်ဘာ ၆


ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ပရဟိတအဖွဲ့များက စေတီတော်မြတ်ကြီးခြံဝင်းနှင့် ရင်ပြင်တို့တွင် မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်းများအား စေတီတော်မြတ်ကြီးသန့်ရှင်းသာယာစေရေးအတွက် စုပေါင်းဆောင်ရွက်ကြသည်။ အလားတူ စည်ပင်သာယာရေးအဖွဲ့ကလည်း စွန့်ပစ်အမှိုက်များကိုသိမ်းဆည်းပြီး အမှိုက်သိမ်း ကားဖြင့်သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်လှည့်လည်ကြည့်ရှုပြီး ဆေးရုံကြီးသန့်ရှင်းသာယာရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း

No comments:

Post a Comment