Monday, November 21, 2022

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ဒေသထွက်ကုန်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

 

လားရှိုး နိုဝင်ဘာ ၂၁

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နေသည့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒေသထွက်ကုန်များ ထုတ်လုပ်နေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့ ဦးစိုင်းဝင်း၊ "ဟုန်ဖေမုန့်တိုက်"သို့ သွားရောက် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။





အဆိုပါ "ဟုန်ဖေမုန့်တိုက်"မှာ အလတ်စား မုန့်မျိုးစုံလုပ်ငန်းတစ်ခုဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော မုန့်အမျိုး (၈၀)ခန့် ထုတ်လုပ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် "Swel Hein " သစ်စက်မှ ပိတောက်၊ ကျွန်းတို့ဖြင့် အိမ်သုံးပရိဘောဂပစ္စည်းများ၊ ဒေသသုံးပစ္စည်းများ၊ ပိတောက် ရောင်တုံးခွဲသားများ၊ Export ထုတ်လုပ်ခြင်းနှင့် သစ်ခွဲသား အပိုင်းအစများကို Value added များ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ပရိဘောဂအချောထည် ပစ္စည်းများ၊ ပါကေးနှင့် T&G လျှာထိုးကြမ်းခင်း၊ တံခါးရွက်၊ ကျည်းဘောင်နှင့် ပြတင်းတံခါးများ၊ ကွန်ပျူတာပန်းထိုး ပန်းချီကားများ၊ ဆိုင်းဘုတ်များ၊ လက်မှုအနုပညာ ပန်းပုရုပ်များ၊ မျက်နှာကျက် ဇလီအမျိုးမျိုး၊ လှေကား၊ လက်ရန်း၊ လက်တန်းအမျိုးမျိုး၊Finger Joint အချောထည်ပစ္စည်းများ၊ သစ်ခွဲသားများ ထုတ်လုပ် ရောင်းချလျက်ရှိပြီး သစ်တောဦးစီးဌာနတွင် သစ်(၃၆)မျိုး လိုင်စင်ရယူပြီးသားဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် Furniture  Paint Room ၊ကွန်ပျူတာထိန်းချုပ်ပုံဖေါ်စက်ခန်း၊ ပရိဘောဂအချောထည်ထုတ်လုပ်နေမှုကို လှည့်လည် ကြည့်ရှုကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် "ကိုးလေးလုံး" အုတ်စက်ရုံထုတ်လုပ်နေမှုနှင့် ထွက်ရှိလာသော အုတ်များ အခြောက်ခံနေမှုတို့ကို ကြည့်ရှုပြီး ထွက်ရှိလာသော အုတ်များကို ရှမ်းမြောက်ဒေသများသို့ ဖြန့်ချီရောင်းချလျက်ရှိသည်။ ယင်းနောက် လားရှိုးမြို့ "ဆင်နှစ်ကောင်" ဖယောင်းတိုင်စက်ရုံနှင့် "ယုံရှင်း လေယာဉ်ပျံဆန်ခေါက်ဆွဲ"စက်ရုံသို့ သွားရောက်ကြည့်ရှုရာ "ဆင်နှစ်ကောင်ဖယောင်းတိုင်" စက်ရုံတွင် အဖြူရောင်နှင့်အနီရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချလျက်ရှိပြီး တစ်ရက်လျှင် ဖယောင်းအိတ်(၂)အိတ်ကုန်၍ တစ်ရက်ကို စက္ကူပုံး(၂၀) ထွက်ရှိကာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့်  "ယုံရှင်းခေါက်ဆွဲစက်ရုံ"မှ တစ်ရက်လျှင် ပိသာချိန် (၃၀၀) ထွက်ရှိပြီး ဆီးချို၊ သွေးချိုသမားများအတွက် တောင်ယာဆန်ဖြင့် ထုတ်လုပ်ကာ ရှမ်းမြောက်ဒေသအတွင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment