Friday, November 4, 2022

(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် သွေးလှူဒါန်း

 


တောင်ကြီး နိုဝင်ဘာ ၄  

(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆို သောအားဖြင့် ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများက နိုဝင်ဘာ(၃)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၊ Blood Bank(သွေးလှူဘဏ်)၌  သွေးလှူဒါန်းနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး သွေးလှူဒါန်းပေးကြသော ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အားဖြည့်အစားအစာများ ပေးအပ်ကြပြီး သွေးလှူဒါန်းပေးသည့်အတွက် စဝ်စံထွန်းဆေးရုံ အုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က လက်ခံရယူကြသည်။

 




ဆက်လက်၍ တောင်ကြီးမြို့ ကမ္ဗောဇသာသနာ့လင်္ကာရဗိမာန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပမည့် စုပေါင်းမဟာဘုံကထိန်ပွဲ၌ အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာပေါင်းစုံမှ လှူဒါန်းမည့် ပဒေသာပင်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment