Friday, November 4, 2022

၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၄

၂၀၂၃ ခုနှစ်၊ ‌ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ  မြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီ ပြန်ကြားရေးဆပ်ကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များအား ယခင်နှစ်ဆောင်ရွက်ခဲ့သည့် အချက်များအပြင် ကျင်းပရေးဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်အချက်များအား တာဝန်ရှိသူများ၊ ဆပ်ကော်မတီ များနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက စီမံခန့်ခွဲမှုကော်မတီသို့ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အခြေအနေ ပြောင်းလဲ မှုများရှိခဲ့ပါက သက်ဆိုင်ရာဆပ်ကော်မတီများသို့ အချိန်မီ အကြောင်းကြားပေး သွားမည်ဖြစ် ပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒကို အခြေခံပြီး စည်းမျဉ်း၊ စည်းကမ်းများ၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနှင့်အညီ လုပ်ဆောင်သွား ရန်ဖြစ်ပြီး (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသည် နိုင်ငံတော်၏ အခမ်းအနား ဖြစ်သည့်အတွက် အစစအရာရာ ဂရုတစိုက်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ကော်မတီ/ ဆပ်ကော်မတီများ ဖွဲ့စည်း ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့် အဖွဲ့ဝင်များက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးတို့က မိမိတို့ ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို လိုအပ်ချက်မရှိအောင် စနစ်တကျ ပေါင်းစပ်ညှိနှိုင်းကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် စသည့်ဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)


No comments:

Post a Comment