Tuesday, November 8, 2022

တန်ဆောင်မုန်းလပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားကွင်းတွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှုးမီးပန်းများလွှတ်တင်ခြင်း ဆောင်ရွက်

 


မကွေး  နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မီးပုံးပျံနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်းအခမ်းအနားကို ယမန်နေ့ည(၇)နာရီအချိန်က မြသလွန်ဘုရား ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 





ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများသည် မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်းဆောင်းတော် တွင် ပန်းရေချမ်းကပ်လှူပြီး ဘုရားရင်ပြင်တော်တွင် ဆီမီး ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြသလွန်ဘုရားကွင်းသို့ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဌာနဆိုင်ရာများ မီးပုံများလွှတ်တင်နိုင်ရန်အတွက် မီးပုံးပျံများအား ပေးအပ်ခဲ့ပြီးနောက်             မီးပုံးပျံများအား လွှတ်တင်ခဲ့ပြီး မီးရှုးမီးပန်းများအား ပစ်ဖောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးပုံပျံလွှတ်တင်ခြင်းနှင့်မီးရှုးမီးပန်းများ လွှတ်တင်ခြင်းအခမ်းအနားတွင် မီးပုံးပျံ အလုံးရေ(၂၀၀) ခန့်အားလွှတ်တင်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပြည်သူ များအား စတုဒိသာကျွေးမွေးခြင်းအနေဖြင့် ကြာဇံကြော်နှင့်မဲဇလီဖူးသုပ် များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။   

ကိုစည်သူ(မကွေး)

No comments:

Post a Comment