Tuesday, November 8, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းသည် တန်ဆောင်မုန်းလပြည့်နေ့၊ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှော်ပွဲ တက်ရောက်

 


မော်လမြိုင်   နိုဝင်ဘာ  

တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါသမယနေ့)တွင် မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီးဘုရား၊ စေတီများတွင် ဘုရားဖူးကုသိုလ်ယူကြသူများ၊ မြို့နယ်အသီးသီးတွင် ပျော်ပွဲရွင်ပွဲများ၊ စတုဒိတာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှော်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ်ပွားတော်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ကြပြီး   မွန်ပြည်နယ်၀န်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများက သံလွင်မြစ်အတွင်းသို့ ဆွမ်းအိုးမျှောပူဇော်ပွဲ ကို  ဆင်ယင်ကျင်းပခဲ့သည်။

မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရားစေတီများဖြစ်ကြသည့် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကျိုက်သလ္လံစေတီတော်မြတ်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးအစရှိသည့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရားများပွားများ နာယူလျက်ရှိသလို မြို့ရွာအလိုက် ပျော်ပွဲ၊ ရွှင်ပွဲများကျင်းပခြင်း၊ ရောင်စုံအလှမီးများ ထွန်းညှိပူဇော်ခြင်း၊ မီးရူးမီးပန်းများလွှတ်ခြင်း၊ မီးပုံးများလွှတ်တင်ခြင်းတို့ဖြင့် ပျှော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်

No comments:

Post a Comment