Sunday, November 6, 2022

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

 

စစ်တွေ နိုဝင်ဘာ ၆

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မင်းသူရိယခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်း ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၂)၌ သင်တန်းသားဒုတိယဆုရရှိခဲ့သော ဝန်ထမ်းနှင့် သေနတ်ပစ်ထူးချွန်ဆုရရှိခဲ့သော ဝန်ထမ်း၊ ဌာနတွင်လုပ်ငန်းများတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများအား ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က လုံခြုံရေးတာဝန် ကျေပွန်စွာထမ်းဆောင်ကြသော ဝန်ထမ်းများ၊ ဒေသကွပ်ကဲရေးမှူးက လုပ်ငန်းတာဝန် ကျေပွန်စွာထမ်းသောအမျိုးသမီးများ၊ ပြည်နယ်ဝန်ကြီးများက အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဝန်ထမ်းအိမ်ရာသန့်ရှင်းသာယာရေးဆုရရှိကြသော ဝန်ထမ်းများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကာရာအိုကေတေးသီချင်းပြိုင်ပွဲကို ဆက်လက်ကျင်းပပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ရခိုင်အဆိုတော်တေးသံရှင်များ၊ ဌာနဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

တင်ထွန်း

No comments:

Post a Comment