Thursday, November 24, 2022

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 


တောင်ကြီး နိုဝင်ဘာ ၂၄

၂၀၂၂ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသများနှင့် ခရိုင်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် လားရှိုးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကာသိပ္ပံ (တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသင်းမှ (၄)ဂိုး၊ ဂိုးမရှိ အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တတိယဆုရရှိသော `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်း တာချီလိတ်မြို့မှ ဂုဏ်ပြုဆုငွေကျပ်(၂)သိန်း ပေးအပ်၍ ဒုတိယဆုရရှိသော လားရှိုးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းတို့ကို ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းမှလည်းကောင်း၊ ရှမ်းရှေ့တန်ဆောင်မှ ဂုဏ်ပြုဆုငွေကျပ်(၂)သိန်း၊ ဂိုးအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆု ငွေကျပ် (၅)သောင်းစီကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုရှိသူများကို ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းစီတို့ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုမှလည်းကောင်း ၊ ပထမဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်မှ လည်းကောင်း၊ ရှမ်းတန်ဆောင်မှ ဂုဏ်ပြုဆုငွေ ကျပ်(၂)သိန်း၊ ပထမဆုရအသင်းအား ငွေသားဆုကျပ်(၈)သိန်းနှင့် ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment