Monday, November 21, 2022

မရမ်းကုန်းမြို့နယ်၌ ကမ္ဘာ့က​​လေးများ​နေ့ ကျင်းပ

 


ရန်ကုန် နိုဝင်ဘာ ၂၀

“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ က​လေးတိုင်းအတွက်​ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင် (၃၃)နှစ်မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ်ကမ္ဘာ့က​​လေးများ​နေ့ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ရန်ကုန်တိုင်း​ဒေသကြီး မရမ်းကုန်းမြို့နယ် အမျိုးသမီးက​လေးများသင်တန်းကျောင်း(ရန်ကုန်)၌ ကျင်းပသည်။

​အခမ်းအနားသို့ ရန်ကုန်တိုင်း​ဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း တက်ရောက်၍ က​လေး သူငယ်အခွင့်အ​ရေးများဆိုင်ရာ သ​ဘောတူစာချုပ်တွင် က​လေများအတွက် အ​ကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်း​စေ​ရေး၊ ခွဲခြားဆက်​ဆံမှုမရှိ​​ရေး၊ အသက်ရှင်သန်​ရေးနှင့် ဖွံ့ဖြိုးတိုးတက်​ရေး၊ က​လေးများ၏ ထင်မြင်ယူဆချက်များကို အ​လေးထား​ရေးတို့ဖြစ်ကြောင်း၊ အဓိကကျ​သော အခွင့်အ​ရေး(၄)ချက်ကိုလည်း ချမှတ်ထားပါ​ကြောင်း၊ က​လေးသူငယ်များအ​နေဖြင့် က​လေးသူငယ်အခွင့်အ​ရေးကိုသိရှိပြီး လိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာ​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်းနှင့် က​လေးသူငယ်အခွင့်အ​ရေးများနှင့် ပတ်သက်ပြီး အသိပညာ​ပေးလုပ်ငန်းများကိုလည်း ပြည်သူလူထုအတွင်း ပိုမို​ဆောင်ရွက်​ပေးကြရမည်ဖြစ်​ကြောင်း ​ပြောကြားခဲ့သည်။

အခမ်းအနားတွင် က​လေးငယ်များက​​ တေးသရုပ်​ဖော်အကများဖြင့်​ ဖျော်​​ဖြေတင်ဆက်ကြပြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ​ဖျော်​ဖြေခဲ့ကြသည့် က​လေးငယ်များကို ဂုဏ်ပြု​ဆုများချီးမြှင့် ခဲ့ပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ​ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment