Saturday, November 5, 2022

အမှတ် (၃)စက်မှုသင်တန်းကျောင်း(သာဂရ)၏ စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်(၁၂)မှ စက်မှုကျွမ်းကျင်လုပ်သား စုစုပေါင်း ၁၂၁ ဦး မွေးထုတ်

 

နေပြည်တော် နိုဝင်ဘာ ၄


မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စက်မှုထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးတို့အတွက် စက်မှုဝန်ကြီးဌာနတွင် စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းဖွင့်လှစ်၍ စက်မှုဘာသာရပ်နှင့်သက်ဆိုင်သည့် ပညာရပ်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ အမှတ် (၃)စက်မှုသင်တန်းကျောင်း(သာဂရ)၏ စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုဇုန်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စက်မှုကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်နိုင်ရေးကို စက်မှု၀န်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့်ဝန်ကြီးဌာနအတွက် လိုအပ်လျက်ရှိသော စက်ရုံ/အလုပ်ရုံများတွင် တတ်နိုင်သမျှ ပြန်လည်တာဝန်ထမ်းဆောင်သွားကြစေလိုကြောင်း၊ ကိုယ်ကျင့်တရားအကျင့်စာရိတ္တ ကောင်းမွန်ပြီး အများအကျိုးကိုသယ်ပိုးဆောင်ရွက်လိုသည့် လူငယ်လူရွယ်များဖြစ်အောင် ပြုစု ပျိုးထောင်သွားကြရန်၊ တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကိုမြှင့်တင်နိုင်ရန်အတွက် စိတ်ဓာတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းဖြင့် စက်မှုသင်တန်းကျောင်းဆင်းတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ ပြုမှုနေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြရန်တိုက်တွန်းကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းတွင်ဆုရရှိသူများကို ဆုများချီးမြှင့်ပြီးသင်တန်းသားတစ်ဦးချင်းစီကို သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများသည် သင်တန်းသား/သင်တန်းသူများ လက်တွေ့ပြုလုပ်ထားသည့် သင်တန်းဆင်း Project များကို လှည့်လည်အားပေးကြည့်ရှုပြီး သင်တန်းဆင်း Project ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဆုများချီးမြှင့်ပြီးသင်တန်းသား  သင်တန်းသူများနှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်သည်။

အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)အနေဖြင့် ဖွင့်လှစ်ပြီးသင်တန်းအမှတ်စဉ် ၁၁ ခုတွင် သင်တန်းသား ၁၀၂၉ ဦးနှင့် သင်တန်းသူ ၃၅၂ ဦး စုစုပေါင်း ၁၃၈၁ ဦးကို အောင်မြင်စွာ မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုစက်မှုကျွမ်းကျင်တစ်နှစ် သင်တန်းအမှတ်စဉ်(၁၂)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ရက်တွင် စတင်ဖွင့်လှစ်၍ Machinery ၊CAD/ CAM ၊ Electrical ၊ Electronics နှင့် Foundry ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား ၁၀၅ ဦး၊ သင်တန်း သူ ၁၆ ဦး စုစုပေါင်း ၁၂၁ ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။

စက်မှုဝန်ကြီးဌာနတွင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် စက်မှုသင်တန်း ကျောင်းခြောက်ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားရှိပြီး နှစ်စဉ်စက်မှုကျွမ်းကျင်လုပ်သား ၁၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏အကူ အညီဖြင့် မုံရွာမြို့နှင့် သထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်းများ ထပ်မံဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိပြီး စက်မှုသင်တန်းကျောင်းများမှစက်မှုနှင့် အသက်မွေးပညာဘာသာရပ် ၁၆ မျိုးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၏ လိုအပ် ချက်အပေါ်မူတည်၍ သံဂဟေ/ ဓာတ်ငွေ့ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ လယ်ယာသုံးအင်ဂျင်အမျိုးမျိုးနှင့် မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်းသင်တန်း စသည့် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဒေသအရောက် သွားရောက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment