အများပြည်သူသိရှိစေရန်
ထုတ်ပြန်ကြေညာချက်
ပြည်ပရောက်မြန်မာနိုင်ငံသားများ၏
လုပ်ခ/လစာဝင်ငွေများလွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများထောက်ပံ့ပေးမည်
နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို
တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်ကချီးမြှောက်သောအားဖြင့်
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာဝင်ငွေများကို
ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့်
လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)အပေါ်တွင်
၃၀ ကျပ်အား နိုင်ငံတော်ကအပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ပံ့ပိုးငွေများကို
ငွေထုတ်ယူသည့်နေ့တွင် ချက်ချင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
No comments:
Post a Comment