Friday, November 4, 2022

မိမိနိုင်ငံနှင့် မိမိဒေသအတွက် အားကိုးရသည့် ခေတ်ပညာတတ်များဖြစ်စေရန် အသိပညာများ လေ့လာသင်ယူကြရမည်

 


နေပြည်တော် နိုဝင်ဘာ ၃

မိမိနိုင်ငံနှင့် မိမိဒေသအတွက် အားကိုးအားထားရသည့် ခေတ်ပညာတတ်လူငယ်များ ဖြစ်စေရန်နှင့် အတတ်ပညာ အသိပညာများကို လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းကို ပြီးမြောက်အောင် သင်ယူကြစေလိုကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပြောကြားသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည် ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့ (B.Ed) (၅)နှစ် သင်တန်းအမှတ်စဉ် (၁၀) သင်တန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ပထမ)နှစ် (ရန်ကုန်၊ စစ်ကိုင်း)သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့သည်။

ထို့နောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြိုင်နှင့် ဒေသအဆင့်ပညာရေးမှူး ဦးခင်ဇော်ထွန်းတို့က သင်တန်းသား သင်တန်းသူများကို အမှာစကားများ ပြောကြားသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ သင်တန်းသား သင်တန်းသူများအား နှုတ်ဆက်အားပေး စကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ သင်တန်းများသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သင်တန်းသား သင်တန်းသူ ၃၁ ဦး တက်ရောက်သင်ကြားမည် ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment